Friday, October 15, 2010

"သယံဇာတကျိန်စာ"

“အခုကနေ နောက်ထပ်ဆယ်နှစ်။ နောက်ထပ်အနှစ်နှစ်ဆယ်။ အားလုံးစောင့်ကြည့်လိုက်ပါ။
ရေနံက ကျုပ်တို.ကို ငါးပါးမှောက်အောင် လုပ်လိမ့်မယ် …
ရေနံဆိုတာ ကမ္ဘာမြေပေါ်ကို မာန်နတ်လွှတ်လိုက်တဲ့ သူ.ရဲ.ညာလက်ရုံးပဲ။”


အထက်ပါစကားကို ပြောသူမှာ အခြားမဟုတ်။ ရေနံတင်ပို.ရောင်းချသူနိုင်ငံများအသင်း (OPEC) ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ဗင်နီဇွဲလား နိုင်ငံရေးသမား Juan Pablo Perez Alfonzo ကိုယ်တိုင်ဖြစ်သည်။

သဘာဝသယံဇာတကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သောနိုင်ငံ ပိုများသည်ဟူသော အယူအဆကို ပြောနေကြသည်မှာ ၁၉၈၀ ပတ်ဝန်းကျင်နှစ်များ ကတည်းက ဖြစ်သည်။ ၁၉၉၃ ခုနှစ် ရောက်လာသောအခါ သယံဇာတက တိုင်းပြည်စီးပွားရေးကို မတိုးတက်စေဘဲ နောက်ပြန်ဆွဲသော အနေအထားကို “သယံဇာတကျိန်စာ (Resource Curse)” ဟု ပညာရှင်အချို.က စတင်သုံးစွဲလာကြပါသည်။ ထိုအကြောင်း လေ့လာကြသော ပညာရှင်အသီးသီး၊ အဖွဲ.အစည်းအသီးသီးတွင် မြန်မာတော်တော်များများ သိကြသည့် Jeffery Sachs လို ဒိတ်ဒိတ်ကျဲပုဂ္ဂိုလ်မျိုး၊ Global Witness လို လူသူလေးစားသည့် အဖွဲ.အစည်းမျိုး ပါဝင်လေသည်။ အမှန်တော့ တိုင်းပြည်တိုးတက်မှုနှင့် သယံဇာတကြွယ်ဝမှု လားလားမျှမဆိုင်သည့်အကြောင်း အိုပက်နိုင်ငံများက ၂၀ ရာစု နှောင်းပိုင်းကတည်းက သက်သေပြပြီး ဖြစ်လေသည်။

သယံဇာတ ကြွယ်ဝခြင်းမရှိသော နိုင်ငံများတွင် အစိုးရ၏ အဓိက၀င်ငွေသည် ပြည်သူလူထုထံမှ အခွန်အခ ရငွေဖြစ်သည်။ ပြည်သူ.အခွန်ငွေကို အဓိက မှီခိုရသဖြင့် အစိုးရများက အပြည်အလှန်အားဖြင့် တာဝန်ကျေရန် လိုအပ်လာသည်။ ထိုအနေအထားသည် အချင်းချင်း ထိမ်းညှိနိုင်သော နိုင်ငံရေး အခြေအနေကို ဖန်တီးပေးသည်။ ထို.ကြောင့် တိုင်းပြည်လဲ တည်ငြိမ်သည်။ သို.သော် အစိုးရတစ်ရပ်သည် သယံဇာတမှ သပိတ်ဝင်အိတ်ဝင် ငွေရွှင်နေပါက ပြည်သူ.အခွန်ငွေကို ဂရုစိုက်ရန် မလိုတော့ပေ။ အခွန်ဖိဖိစီးစီး မကောက်ခံသည့်သကာလ ပြည်သူကလဲ မိမိနည်းမျိုးစုံဖြင့်ရှာဖွေသမျှ အစိုးရမှ မထိသဖြင့် တိုင်းပြည်ဘတ်ဂျက် ဘယ်လိုရှိသည်။ နိုင်ငံ့ဘဏ္ဏာ ဘယ်လိုသုံးသည် စသည်ဖြင့် စောင့်ကြည့်ဂရုမူခြင်း မပြုတော့ပေ။ ထိုအနေအထားသည်ပင် ပျက်စီးခြင်းလမ်းစ ဖြစ်လာသည်။

အစိုးရသည် ပြည်သူက တစ်ချိန်တွင် စောင့်ကြည့်လာမည်ကို မလိုလားတော့သဖြင့် ပြည်သူကိုအခြေခံသည့် လူမှုအဖွဲ.အစည်းများ ပေါ်ပေါက်တည်ရှိခြင်းကို စတင်နှိပ်ကွပ်လာသည်။ ပြည်သူက ပွင့်လင်းမှုနှင့် အခြားအခွင့်အရေးများ တောင်းဆိုလာပါက ချေမှုန်းနိုင်ရန် သယံဇာတ၀င်ငွေဖြင့် စစ်အင်အား တို.ချဲ.လာလေသည်။ ပဋိပက္ခမီး အချိန်မရွေး ထတောက်နိုင်သည့် အနေအထားကို သဘာဝ သယံဇာတက ဖန်တီးသွားခြင်း ဖြစ်သည်။ ရေရှည်တွင်မူ အစိုးရက အရာအားလုံးကို ချုပ်ကိုင်နိုင်သည့် အာဏာရှင် ဖြစ်သွားပြီး ပြည်သူက အာဏာရှင်ပြုသမျှ နုရလေတော့သည်။ စိန်ထွက်သော ဇင်ဘာဘွေသည် အကောင်းဆုံးဥပမာဖြစ်သည်။

အခြားဖြစ်နိုင်ချေမှာ အစိုးရမဟုတ်သည့် အဖွဲ.အစည်း တစ်ခုခုကလဲ ဒေသတွင်းရှိ သယံဇာတများကို ထိမ်းချုပ်နိုင်ရန် ကြိုးစားလာခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်ရခြင်းမျိုးဖြစ်သည်။ အင်ဂိုလာ၊ နိုင်ဂျာမြစ်တစ်ဝှမ်းနှင့် ဆူဒန်တောင်ပိုင်းတွင် အဆိုပါ အဖြစ်မျိုး ကြုံခဲ့ဖူးသည်။ ထိုအနေအထားတွင် သယံဇာတမှ ရသောဝင်ငွေသည် နှစ်ဖက်လုံးအတွက် လက်နက်ရိက္ခာ ပံ့ပိုးပေးလေသည်။ နိုင်ငံပိုင်သယံဇာတမှ ရသောဝင်ငွေဖြင့် ကျည်ဆံလှိုင်လှိုင် ၀ယ်နိုင်သောကြောင့် နှစ်ဖက်ပြည်သူတို. သေကြလေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင့် အခြေခံအဆောက်အအုံတို. ပျက်စီးပြီး အိမ်နီးချင်းနိုင်ငံများက အခွင့်အရေး ယူကြလေသည်။

တိုင်းပြည်သယံဇာတနှင့် ပက်သတ်ပြီး Macro Economy ပိုဆန်သည့် သုံးသပ်ချက်မှာ ဟော်လန်တို.ကို လေ့လာရာမှ ရလာသည်။ ၁၉၆၀ ပတ်ဝန်းကျင်တွင် နယ်သာလန်နိုင်ငံတွင် သဘာဝဓာတ်ငွေ. အမြောက်အများ တူးဖော်တွေ.ရှိခဲ့သည်။ နိုင်ငံတကာသို. အကြီးအကျယ် တင်ပို.ရောင်းချနိုင်ခဲ့သည်။ သို.ရာတွင် နိုင်ငံ၏ အခြားစီးပွားရေးကဏ္ဍများကို ထိမ်းညှိမြှင့်တင်နိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ရေရှည်တွင် ဆိုးကျိုးကြုံရလေသည်။

ဝင်ငွေကောင်းလာသောကြောင့် အစိုးရက ငွေသုံးကြမ်းလာပြီး ပြည်တွင်းငွေဖောင်းပွခြင်း၊ လုပ်သားရွှေ.ပြောင်းခြင်း၊ လုပ်အားခမြင့်တက်လာခြင်းတို.ပါ ထပ်ဖြစ်လာသည်။ ကုန်ဈေးနှုန်းများ တက်လာပြီး ကုန်ကြမ်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာသည်။ သို.သော် နိုင်ငံတကာဈေးနှုန်းအတိုင်း ရောင်းချရသည့် ပြည်ပပို.ကုန်များမှာမူ ဈေးတင်ရန် မဖြစ်နိုင်ဘဲ နှုန်းသေ ဖြစ်နေရလေသည်။ တစ်ချိန်တည်းတွင် သယံဇာတ တင်ပို.ရောင်းချခြင်းမှ တိုင်းပြည်၏ Export Earning တိုးလာသဖြင့် ဒတ်ခ်ျငွေကြေးမှာမူ ခိုင်မာနေသည်။

ဒတ်ခ်ျငွေဈေးမာနေခြင်း၊ ကုန်ထုတ်စရိတ်ကြီးမြင့်ခြင်းတို.ကြောင့် နယ်သာလန်ထုတ်ကုန်များသည် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု နည်းပါးသွားလေသည်။ ရလာဒ်အဖြစ် သဘာဝဓာတ်ငွေ.မှလွဲ၍ နယ်သာလန်နိုင်ငံ၏ နိုင်ငံတကာပို.ကုန် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံး မျက်ဖြူဆိုက်ခဲ့ရသည်။ ထိုအဖြစ်ကို “ဒတ်ခ်ျရောဂါ (Dutch Disease)” ဟု စီးပွားရေးပညာရှင်များက သမုတ်ကြပါ၏။

ထိုအချိန်က နယ်သာလန်နိုင်ငံတွင် ဒီမိုကရေစီစံနှုန်း အပြည့်အ၀ရှိသည့် လူထုအခြေခံအဖွဲ.အစည်းများ၊ ပွင့်လင်းသည့်မီဒီယာများ ရှိနေပြီးဖြစ်သည့်အပြင် နိုင်ငံရေးစံနစ်ကလဲ တည်ငြိမ်ခိုင်မာပြီး အုပ်ချုပ်သူများကလဲ တာဝန်ယူဖြေရှင်းနိုင်သည့် အရည်အသွေးပြည့်အစိုးရ ဖြစ်ခြင်းကြောင့်သာ ဟော်လန်တို. မျက်ဖြူဆိုက်ရုံသာဆိုက်ပြီး ပျက်စီးခြင်းသို. မဆိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအနေအထားတွင် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတို.သာ ထပ်ပေါင်းလိုက်ပါက နိုင်ဂျီးရီးယားနိုင်ငံ ရေနံတွေ.သကဲ့သို. ဖြစ်လာမည်မှာ မလွဲမသွေဖြစ်ပေသည်။

၁၆ ရာစုအစမှ ၁၈ ရာစုနှောင်းပိုင်းအထိ အင်အားကောင်းခဲ့သော စပိန်အင်ပါယာကြီးသည် ၄င်း၏ နောက်ဆုံးနှစ်ငါးဆယ်အတွင်း စစ်ပွဲတစ်ပွဲမှ မရှုံးခဲ့ဘဲ ပြိုကွဲခဲ့ရသည်။ ကိုလိုနီနယ်များမှထွက်သော သယံဇာတများကိုသာ မှီခိုခဲ့ပြီး ကုန်ထုတ်လုပ်မှုကို အားမပေးခဲ့သောကြောင့်ဖြစ်သည်။ အရှေ.ဥရောပတစ်ခြမ်း အပါအ၀င် ကမ္ဘာတစ်ဝက်နီးပါး အာဏာလွှမ်းမိုးခဲ့သော ဆိုဗီယက်အင်ပါယာကြီး နောက်ဆုံးနှစ်ပေါင်းငါးဆယ်အတွင်း စစ်ပွဲတစ်ပွဲမှ မရှုံးခဲ့ဘဲ ၁၉၈၉ တွင် ကျဆုံးရသည်။ ရေနံသယံဇာတမှ ရငွေကို မှီခိုပြီး ဆိုရှယ်လစ်စက်မှုလုပ်ငန်းများမှ ၀ယ်သူမရှိသည့် ထုတ်ကုန်များကိုသာ ထုတ်လုပ်နေသောကြောင့် ဖြစ်၏။

နိုင်ငံတစ်ခု၏ အစိုးရသည် သယံဇာတအပေါ် မှီခိုလွန်းပြီး စက်မှုလက်မှုနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများတွင် ၀ါဒဖြန်.ကောင်းရုံ လုပ်ဆောင်နေပါက ပြည်သူနှင့်နိုင်ငံတကာကို ခဏသာ ညာနိုင်မည်ဖြစ်သည်။ စူပါပါဝါနိုင်ငံများသည်ပင် အခြေအနေကို ရေရှည်တွင် ဖုံးမနိုင်ဖိမရ ဖြစ်လာကြပြီး တိုင်းပြည်ကို သုညမှ ပြန်စရခြင်းမျိုးရှိသည်။

သင့်သလို ဆင်ခြင်ပြီး တော်သလို ဆောင်ရွက်ကြပါတော့
သဗ္ဗုရိသအပေါင်း အိုသူတော်ကောင်းတို. … ။ ။

သည်းသည်းလှုပ် "ဇွ"
၂၀၁၀ အောက်တိုဘာ ၃။
လန်ဒန်၊ ယူကေ။



References:

1. http://www.imf.org/external/pubs/ft/fandd/2003/03/ebra.htm
2. http://www.owen.org/wp-content/uploads/policymakers-guide-to-dutch-disease-CGD-WP-91.pdf
3. http://en.wikipedia.org/wiki/Resource_curse
4. http://knowledge.wharton.upenn.edu/article.cfm?articleid=1830
5. http://www.hubbertpeak.com/reynolds/SovietDecline.htm

1 comment:

  1. ကောင်းတယ်ဗျာ ... dutch disease နဲ့ competitiveness ကို ထည့်ရေးသွားတာ ဖတ်လို့ကောင်းတယ် ... မြန်မာပြည်ကတော့ နိုင်ဂျီးရီးယားထက် ပိုမွဲပြီး တရုတ်၊ကုလားနဲ့ ယိုးဒယားကို အလုပ်အကျွေးပြုအုံးမယ် ... အင်း ရင်လေးပါ၏

    ကိုရွှေအိုး

    ReplyDelete